🔴 LIVE | M5 World Championship | Myanmar Q… | 質問の答えを募集中です! 🔴 LIVE | M5 World Championship | Myanmar Q… | 質問の答えを募集中です!

🔴 LIVE | M5 World Championship | Myanmar Q…

未分類
🔴 LIVE | M5 World Championship | Myanmar Qualifiers | Playoff Stage | Day 1
M5 World Championship | Myanmar Qualifiers
Playoff Stage | Day 1

ပရိသတ်တွေအားလုံး စောင့်မျှော်နေကြတဲ့ M5 World Championship ရဲ့ Myanmar Qualifiers ပွဲစဉ်တွေ TV ဖန်သားပြင်ထက်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်… World Championship ကြီးဆီကို မြန်မာနိုင်ငံမှ တစ်သင်းတည်းသာ သွားရောက်ကစားနိုင်မယ့် အခွင့်အရေးတွေရဲ့ Playoff Stage ပထမနေ့ ယှဉ်ပြိုင်မှုပွဲစဉ်တွေကို မကြာခင် စတင် ကြည့်ရှုခံစားရတော့မှာပါ။

ဒီနေ့မှာဆိုရင်တော့ M5 Myanmar Qualifier ပြိုင်ပွဲကြီးရဲ့ Playoff Stage ပထမရက်ရဲ့ ပွဲစဉ်တွေကို ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ပွဲချိန်တွေအဖြစ်
Lower Bracket Match (1) – Ai Esports Vs Wrecking Crew (Bo3) (12:30 PM)
Lower Bracket Match (2) – Falcon Esports Vs 9K MG Esports (Bo3) (2:30 PM)
Upper Bracket Match (1) – Burmese Ghouls Vs Mythic Seal (Bo5) (4:30 PM)
ဆိုပြီး ယှဉ်ပြိုင်သွားကြမှာဖြစ်ပါတယ်။

ဒီလို အကြိတ်အနယ်ရှိလာမယ့်ပွဲစဉ်တွေကို ပရိသတ်တွေအားပေးကြည့်ရှု့နိုင်ဖို့ Mahar Esports ရဲ့ Facebook, YouTube, Website စတဲ့ Platform တွေကနေ Mahar Esports ရဲ့ Talents တွေနဲ့ တင်ဆက်မှုတွေနဲ့ တိုက်ရိုက်(Live) တင်ဆက်ပြ‌သပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် TV Channel ကနေ ကြည့်ရှုအားပေးချင်တဲ့ ပရိသတ်တွေအတွက်လည်း Mahar Esports TV Channel ကနေ တိုက်ရိုက်(Live) တင်ဆက်ပြ‌သပေးသွားဦးမှာပါ။

ဒါကြောင့် M5 Myanmar Qualifier ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်မယ့် အသင်းတွေကို အားပေးမယ့် ပရိသတ်တွေအနေနဲ့ ကိုယ်အားပေးတဲ့ အသင်းရဲ့ပွဲစဉ်တွေကို Mahar Esports ရဲ့ တိုက်ရိုက်(Live) ထုတ်လွှင့်တင်ဆက်မှုတွေမှာ လာရောက်ကြည့်ရှုပြီးအားပေးနိုင်‌မှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

M5 Myanmar Qualifiers ရဲ့ တိုက်ရိုက် Live ပွဲစဉ်တွေကို Playoff Stage (29.9.2023) မှ စတင်ပြီး Grand Final Day (1.10.2023) အထိ Mahar Esports ရဲ့ Facebook, YouTube, Website နဲ့ TV Channel တို့မှာ အချိန်နဲ့တပြေးညီ ပြသသွားမှာဖြစ်တာကြောင့် စောင့်မျှော်ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

TV ချန်နယ်တွင် Mahar Esports TV အားဖမ်းယူကြည့်ရှုနည်း
https://www.facebook.com/maharesports/videos/1111546443576955/

M5 Myanmar Qualifiers ၏ အသေးစိတ်အချက်အလက်များအား ဖတ်ရှုရန်
https://www.facebook.com/MobileLegendsEsportsMyanmar

#mahar_esports #mahar_esport #M5Myanmar #MSeries #M5WorldChampionship #MyanmarQualifiers #MLBB #PlayoffStage #M5



 ⬇人気の記事!⬇

タイトルとURLをコピーしました